Translate page with Google

Story Publication logo December 9, 2025

How Are Chinese Electric Cars Changing Myanmar Amid the War? (Burmese)

Authors:
A congested street
English

As demand for EVs rises, so does the need for tires made with natural rubber.

author #1 image author #2 image
Multiple Authors
SECTIONS

This article was originally written in Burmese and published in Irrawaddy. The key points of this article are presented in English below, followed by the original version of the story. For a full English version of this article, please click on the “Translate page with Google” button on the upper right-hand side.


Key Points

  • This report investigates how the rapid expansion of rubber plantations in eastern Shan State, Myanmar—driven by global demand for tires, especially from China—has transformed landscapes of conflict-affected zones and created environmental and social costs that extend far beyond Myanmar’s borders.
  • Large-scale rubber plantations have spread across upstream watersheds along the Kok and Ruak rivers in Shan State, replacing forests and shifting cultivation. This land-use change has accelerated soil erosion and surface runoff, contributing to more frequent and severe flooding and landslides downstream in northern Thailand, particularly in border towns such as Mae Sai.
  • China’s demand for natural rubber and the control of territory by the United Wa State Army (UWSA) have enabled Chinese state-linked companies to dominate the rubber industry in northern Myanmar. These plantations operate with minimal environmental regulation or accountability, often involving land grabs, forced relocations, and the sidelining of local communities.
  • Monoculture rubber plantations rely heavily on chemical fertilizers and acid-based processing, while forest clearance strips away protective topsoil. Scientific monitoring has found elevated levels of arsenic and other heavy metals in rivers flowing from Shan State into Thailand and the Mekong, posing serious risks to ecosystems, public health, and water security downstream. However, the cause of this pollution could be varied, including intensive chemical usage in plantations with rubber and other types of crops, and illegal mining.
  • Key takeaway: Northern Myanmar is a new global rubber frontier where geopolitical power, armed groups, and green-industry demand converge, highlighting the urgent need for cross-border governance, supply-chain accountability, and stronger environmental safeguards.

As a nonprofit journalism organization, we depend on your support to fund more than 170 reporting projects every year on critical global and local issues. Donate any amount today to become a Pulitzer Center Champion and receive exclusive benefits!


စစ်ပွဲကြားက မြန်မာကို တရုတ် လျှပ်စစ်ကားများက မည်သို့ ပြောင်းလဲစေသနည်း


စစ်ပွဲကြားက မြန်မာကို တရုတ် လျှပ်စစ်ကားများက မည်သို့ ပြောင်းလဲစေသနည်း Global New Light of Myanmar.

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမှောင်ထု စတင်ကျဆင်းလာသောအခါ နန်းဆိုင်ငန်သည် ခြေလှမ်းမြန်လာသည်။ သူ၏ အိမ်သို့ရောက်ရန် ထူထပ်သော ရာဘာတောကို ဖြတ်ကာ ၁ ကီလိုမီတာခန့် သူလျှောက်ရဦးမည် ဖြစ်သည်။

“အဲဒီသစ်တောမှာလျှောက်ရတာ ငယ်ငယ်က ကြောက်သလို အခုလည်း ကြောက်နေတယ်” ဟု သူကပြောပြပြီး သူ၏ရွာကို ဝါးမြိုထားသည့် အဆုံးမရှိသော သစ်ပင်တန်းကို သရုပ်ဖော်ပြသည်။

ကလေးတဦးအနေဖြင့် သူနှင့် သူ့သူငယ်ချင်းများကို ထိုနေရာသို့ မသွားရန် ပြောဆိုခံရသည်။ “အဲဒါ အန္တရာယ်များတယ်လို့ ပြောတယ်။ အရမ်းမှောင်တယ်။ ဒါပေမယ့် စိုက်ခင်းတွေက နေရာတိုင်းမှာပဲ။ ကျောင်းမှာတောင်မှ ရှိတယ်။ ဘာပဲဖြစ်ဖြစ် တချို့ကလေးတွေကတော့ အဲဒီမှာသွားဆော့ပြီး လူကြီးတွေ မသိအောင် ညာထားတယ်” ဟု သူက ပြောသည်

ယခုအခါ အသက် ၂၀ တွင်းသို့ ရောက်လာပြီး ကလေးဘဝက သိသည်ထက် သူအနည်းငယ်သာ ပိုမိုသိသည်။ “အဲဒီစိုက်ခင်းတွေကို တရုတ်တွေ ပိုင်တယ်။ ဒါပဲ ကျမတို့ကို ပြောတယ်။ ဝ စစ်တပ်က သူတို့ကို ခွင့်ပြုထားတယ်။ ကျမတို့က ပါးစပ်ပိတ်ထားဖို့ပဲ” ဟု သူကပြောသည်။

ရာဘာရှေ့တန်း စစ်မျက်နှာသစ်

လက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား ကာလကြာမြင်စွာ စစ်မြေပြင်ဖြစ်နေခဲ့သော ရှမ်းပြည်နယ် အရှေ့ပိုင်းသည် ကမ္ဘာ့နောက်ဆုံး ရာဘာစစ်မျက်နှာ ဖြစ်လာသည်။ တချိန်က ရွှေ့ပြောင်းတောင်ယာများကို တောင်တန်းများတလျှောက် သပ်ရပ်စွာ အတန်းလိုက် စိုက်ထားသည့် ရာဘာပင်များက အစားထိုး ဝင်ရောက်လာသည်။


မြန်မာ့သဘာဝရော်ဘာတင်ပို့မှုတန်ဖိုး

ထိုသို့ ပြောင်းလဲမှုနောက်ကွယ်တွင် မြန်မာ၏ အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်က ၎င်း၏ စက်မှုလုပ်ငန်းများအတွက် သဘာဝ ရာဘာ အကြီးအကျယ် လိုအပ်ချက် ရှိနေသည်။

မြန်မာသည် ၂၀၂၄ ခုနှစ်တွင် သဘာဝ ရာဘာ ၆၂,၀၀၀ တန် တင်ပို့ပြီး ၄ ပုံ ၃ ပုံကို တရုတ်သို့ တင်ပို့ခြင်း ဖြစ်သည်။ ထိုပမာဏကို ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃၀၀,၀၀၀ သို့ မြှင့်တင်ရန် စစ်အစိုးရက ရည်ရွယ်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူပေါင်းဆောင်ရွက်မှု (RCEP) အောက်မှ အခွန်ကင်းလွတ်ခွင့်ကဲ့သို့ ကုန်သွယ်ရေး မူဘောင်များသည် မြန်မာရာဘာကို အထူး စွဲဆောင်မှု ရှိစေသည်။


တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများသည် ကမ္ဘာ့ဈေးကွက်သို့ အရှိန်မြှင့်လာနေသည်/ Thai News Pix

မော်တော်ယာဉ် တာယာထုတ်လုပ်မှုသည် ကမ္ဘာ့ရာဘာ သုံးစွဲမှု၏ ၇၀ ရာခိုင်နှုန်းရှိသည်။ သန့်စင်သော စွမ်းအင်သို့ ကူးပြောင်းမှု အဆင်ပြေစေရန် လျှပ်စစ် မော်တော်ယာဉ်များ တိုးမြှင့်ထုတ်လုပ်မှုသည် ရာဘာဝယ်လိုအားကို မြင့်မားစေမည်ဟု သတင်းများက ဖော်ပြကြသည်။

အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ်များ အလေးချိန် ပိုမိုများပြားသောကြောင့် ၎င်း၏ တာယာများသည် ရိုးရိုးအင်ဂျင်သုံး မော်တော်ယာဉ် တာယာများထက် ပျက်စီးမှု ၃၀ မှ ၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်သည်။

တကမ္ဘာလုံးတွင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှု အရှိန်မြင့်မားနေသည်။ ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကား ၁၇ သန်း ရောင်းချသည်။ ထိုရောင်းချမှု၏ ၃ ပုံ ၂ ပုံသည် တရုတ်မှ ဖြစ်သည်။ တရုတ် မပါဝင်သည့် ထွန်းသစ်စ အာရှစီးပွားရေးများသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း လျှပ်စစ်ကား ရောင်းချမှု ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ကို ကြုံရသည်။

ထို အရှိန်အဟုန်အတိုင်း ဆက်ရှိနေပါက ကမ္ဘာ့လျှပ်စစ်ကား အရေအတွက်သည် ၂၀၃၀ ခုနှစ်တွင် သန်း ၂၅၀ သို့ ရောက်မည်ဖြစ်သည်။

လျှပ်စစ်ကား ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်သည် ရာဘာဝယ်လိုအား မြင့်မားလာခြင်း၏ အဓိက မောင်းနှင်အားတခုဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယဘဏ် အပါအဝင် လေ့လာမှု အများအပြားက ဖော်ပြကြပြီး တရုတ်နိုင်ငံသည် အများဆုံး သုံးစွဲသည့်နိုင်ငံဖြစ်ကာ ကမ္ဘာ့ရာဘာသုံးစွဲမှု၏ ၄၅ ရာခိုင်နှုန်းကို ရှိသည်။

လျှပ်စစ်ကား ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်သည် ရာဘာဝယ်လိုအား မြင့်မားလာခြင်း၏ အဓိက မောင်းနှင်အားတခုဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယဘဏ် အပါအဝင် လေ့လာမှု အများအပြားက ဖော်ပြကြပြီး တရုတ်နိုင်ငံသည် အများဆုံး သုံးစွဲသည့်နိုင်ငံဖြစ်ကာ ကမ္ဘာ့ရာဘာသုံးစွဲမှု၏ ၄၅ ရာခိုင်နှုန်းကို ရှိသည်။

တာယာထုတ်လုပ်သူများသည် ကုန်ပစ္စည်းသစ်များကို သုတေသနပြုနေကြသော်လည်း သဘာဝ ရာဘာသည် အဓိက ဆက်လက်ဖြစ်နေသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် စိုက်ခင်းများမည်မျှ မြန်ဆန်စွာ ပျံ့နှံ့နေသည်ကို ဂြိုဟ်တုဓာတ်ပုံများက ပြသနေသည်။ ယခုအခါ UWSA ထိန်းချုပ်ဒေသတွင် ရာဘာစိုက်ခင်း ဟက်တာ ၅ သောင်းကျော် ရှိသည်။


မြန်မာ-ထိုင်းနယ်စပ်တလျှောက် ရော်ဘာစိုက်ခင်းများ ပြသထားသည့်မြေပုံ

ကော့မြစ်တလျှောက်မှ စိုက်ခင်းတခုသည် ၁၁ ကီလိုမီတာ ရှည်လျားပြီး ၈,၃၀၀ ဟက်တာရှိကာ ထိုင်းနယ်စပ်နှင့် ၃ ကီလိုမီတာသာ ဝေးသည်။ အခြားစိုက်ခင်းတခုသည် ဟက်တာ ၃,၆၀၃ ဟက်တာ ကျယ်ပြီး ရောက်မြစ် အနီးတွင် ရှိသည်။ ထိုမြစ် နှစ်စင်းသည် ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံသို့ စီးဝင်ကြပြီးနောက် လူ သန်း ၇၀ မှီတင်းနေထိုင်ရသည့် အရှေ့တောင်အာရှ၏ အရှည်ဆုံးမြစ်ဖြစ်သော မဲခေါင်မြစ်အတွင်း ဆက်လက် စီးဝင်သည်။

ကော့မြစ်အတွင်း အာဆင်းနစ် ပါဝင်မှုအဆင့်သည် လုံခြုံရေးသတ်မှတ်ချက်ဖြစ်သည့် ဝ.၀၁ မီလီဂရမ် / လီတာထက် ကျော်လွန်နေကြောင်း မဲခေါင်မြစ်ကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (TPCD) ကလည်း ထိုတွေ့ရှိချက်ကို စောင့်ကြည့်ရေး စခန်း ၁၅ ခုတွင် အတည်ပြုသည်။

ဘိန်းမှ ရာဘာသို့

မျှော်လင့်မထားသည့်အချက်မှာ မြန်မာတွင် ရာဘာစိုက်ပျိုးမှု ထွန်းကားခြင်းသည် ဘိန်းတိုက်ဖျက်ရေး ရည်ရွယ်သည့် အစီအစဉ်မှ စတင်လာခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် စတင်သည့် တရုတ်၏ ဘိန်းအစားထိုး အစီအစဉ် (ORP) သည် အဓိကအားဖြင့် ရာဘာပါဝင်သည့် ငွေပေါ်သီးနှံများ စိုက်ပျိုးရန် တရုတ်လုပ်ငန်းများကို ငွေကြေးစိုက်ထုတ်ပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု လျှော့ချရန် ရည်ရွယ်သည်။

ယူနန်ပြည်နယ် စိုက်ပျိုးရေးအုပ်စု (YSFG) နှင့် ကွမ်တုံ ဂွမ်ကန် ရာဘာ (GGR) ကဲ့သို့သော နိုင်ငံပိုင် လုပ်ငန်းကြီးများသည် ထောက်ပံ့ကြေးများ၊ လိုက်လျောချေးငွေများ၊ အခွန်ဆိုင်းငံ့မှုများ၊ အခွန်ကင်းလွတ်ခွင့် ဝေစုများ ရရှိကြသည်။

၂၀၀၆ ခုနှစ်တွင် YSFG ၏ လုပ်ငန်းခွဲတခုသည် ဝ ပိုင်နက်တွင် ဟက်တာ ၆,၆၀၀ အတွက် သဘောတူညီမှုတခု လက်မှတ်ရေးထိုးသည်။ အခြားလုပ်ငန်းခွဲတခုဖြစ်သော Dongfeng Tianyu Co. Ltd., ကလည်း ၂၀၀၇ ခုနှစ်တွင် ဟက်တာ ၁,၃၀၀ အတွက် နှစ် ၃၀ သဘောတူညီချက် လက်မှတ်ရေးထိုးသည်။ ၂၀၀၈ ခုနှစ် ရောက်သောအခါ ထိုကုမ္ပဏီက တရုတ်နယ်စပ်အနီး UWSA မြို့တော် ပန်ခမ်းတွင် အပင်ပေါင်း ၂၃၀,၀၀၀ စိုက်ပျိုးကြောင်း ဖော်ပြသည်။

ORP သည် မြေလုယူသည့် သေနင်္ဂဗျူဟာနှင့်တူကြောင်း ဝေဖန်သူများ စောဒကတက်ပြီး အကျိုးအမြတ်များသည် ဘိန်းတောင်သူဟောင်းများထက် တရုတ်လုပ်ငန်းများသို့ ပိုမိုစီးဆင်းနေကြောင်း သတိပေးသည်။

၂၀၁၀ ပြည့်နှစ်တွင် ရာဘာဈေးများ တက်သောအခါ YSFG က ထပ်မံ တိုးချဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ထိုလုပ်ငန်းသည် ပန်ခမ်းတွင် အမေရိကန် ဒေါ်လာ ၃.၈၉ သန်းတန် ရာဘာပြုပြင်သည့် စက်ရုံတခုဖွင့်ပြီး ၎င်း၏ လုပ်ငန်းခွဲ Menglian Rubber Co. Ltd., ကို စီမံစေသည်။

ထိုပြုပြင်ပြီး ရာဘာများကို Yunnan Natural Rubber Industry Group သို့ ပေးပို့ပြီး ထိုလုပ်ငန်းက စစ်ဆောင်ပန္နားတွင် တာယာအဆင့် TSR20 ထုတ်လုပ်သည်။

၎င်း၏ရာဘာသည် ကမ္ဘာ့ထိပ်တန်း တာယာထုတ်လုပ်သူ ၁၀ ဦး၏ ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်တွင် ပါဝင်သည်ဟု ထိုလုပ်ငန်းက ပြောသော်လည်း မည်သည့်လုပ်ငန်းဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

တရုတ်နိုင်ငံ၏ စိုးမိုးမှုသည် ထင်ရှားသည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တာယာ ၁.၁၈ ဘီလီယံ ထုတ်လုပ်ပြီး ၎င်းအနက် ၆၈၁ သန်းကို ပြည်ပသို့တင်ပို့ကာ အများအပြားမှာ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းအတွက် ဖြစ်သည်။ ထုတ်လုပ်မှုကို ထိန်းသိမ်းထားရန်အတွက် တရုတ်နိုင်ငံသည် နှစ်စဉ် ရော်ဘာတန် ၅ သန်း တင်သွင်းပြီး ၎င်းအနက် ၄ သန်းသည် မော်တော်ယာဉ်များအတွက် တာယာလုပ်ငန်းတွင် သုံးသည်။

တရုတ်နိုင်ငံ၏ စိုးမိုးမှုသည် ထင်ရှားသည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တာယာ ၁.၁၈ ဘီလီယံ ထုတ်လုပ်ပြီး ၎င်းအနက် ၆၈၁ သန်းကို ပြည်ပသို့တင်ပို့ကာ အများအပြားမှာ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းအတွက် ဖြစ်သည်။ ထုတ်လုပ်မှုကို ထိန်းသိမ်းထားရန်အတွက် တရုတ်နိုင်ငံသည် နှစ်စဉ် ရော်ဘာတန် ၅ သန်း တင်သွင်းပြီး ၎င်းအနက် ၄ သန်းသည် မော်တော်ယာဉ်များအတွက် တာယာလုပ်ငန်းတွင် သုံးသည်။

တဖက်တွင်လည်း မြန်မာသည် ၎င်း၏ ကုန်ချောတာယာ အများစုကို တရုတ်မှ တင်သွင်းပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၈.၁ သန်းဖိုးရှိသည်။ မြန်မာတွင် စွမ်းရည် အကန့်အသတ်ရှိသော ပုဂ္ဂလိက တာယာလုပ်ငန်း တခုနှင့် အရေးယူပိတ်ဆို့မှုများကြောင့် ရုန်းကန်နေရသည့် နိုင်ငံပိုင်ကုမ္ပဏီတခုသာ ရှိသည်။

၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းသို့ ရောက်သောအခါ ရှမ်းပြည်နယ်မှ ဧကသိန်းပေါင်းများစွာသော မြေများကို ORP အရ ရာဘာစိုက်ခင်းများအဖြစ် ပြောင်းလဲပစ်သည်။ ၂၀၀၈ ခုနှစ်တွင် YSFG တခုတည်းကပင် မြန်မာနှင့် လာအိုတွင် ၁,၃၃၃ ဟက်တာ စိုက်ထားပြီး နောက်နှစ်များတွင် ၃၃,၃၃၃ ဟက်တာအထိ တိုးချဲ့ရန် ရည်မှန်းချက် ချထားသည်။

သို့သော် ထိုအစီအစဉ်သည် ပေးဆပ်ရသောတန်ဖိုး မြင့်မားသည်။ အတင်းအကျပ် မောင်းထုတ်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် စိုက်ခင်းများအတွက် မြေရှင်းရန် လယ်သမားများကို ၎င်းတို့၏ သစ်တောများကို မီးရှို့ရန် အမိန့်ပေးသည်ဟု လူ့အခွင့်အရေးစောင့်ကြည်သူများက မှတ်တမ်းတင်ထားသည်။

ဖြစ်ရပ်အများအပြားတွင် မြေကို တရုတ်ကုမ္ပဏီများ သို့မဟုတ် ဝ စစ်ပြန်များသို့ လွှဲပြောင်းပေးကြောင်း ရွာသားများ၏ အဆိုအရ သိရသည်။

မှောက်မိုက်သော အရိပ်အောက်တွင်

ရွာသားများအတွက် ရာဘာထွန်းကားမှု ကတိများသည် အနှစ်သာရ မရှိကြောင်း ပြသနေသည်။ “ရာဘာက စပါးစိုက်တာထက် ဝင်ငွေကောင်းမယ်လို့ သူတို့က ကျနော်တို့ကို ပြောတယ်” ဟု မိုင်းဆတ်တောင်ပိုင်းတွင် ကြက်ပေါင်စေး ထုတ်သူအဖြစ် လုပ်ကိုင်နေသည့် အသက် ၃၅ နှစ်အရွယ် စိုင်းမောင်က ပြောသည်။

ယနေ့တွင် သူသည် ယခင်က သူပိုင်သည့်မြေတွင် ကြက်ပေါင်စေး ထုတ်ယူရပြီး တနေ့ယွမ် ၂၀ (၂.၈၁ အမေရိကန် ဒေါ်လာခန့်) ရသည်။

ထိုအလုပ်သည် တရုတ်စကား ပြောတတ်သည့် ပြင်ပလူများထံသို့ မကြာခဏ ရောက်သွားတတ်သည်။ “တရုတ်စကား နည်းနည်းပြောတတ်လို့ ကျနော် ကံကောင်းတယ်” ဟု စိုင်းမောင်က ပြောသည်။ အများအပြားသည် တရုတ်စကား မပြောတတ်ဘဲ ဆက်လက် ပိတ်မိနေသည်။

ထိုင်းနယ်စပ်မှ အကြီးဆုံး ရှမ်းမြို့ဖြစ်သော တာချီလိတ်မှ တရက်တာ ခရီးအဝေးတွင် စိုက်ခင်းများသည် ဟက်တာ ၂,၀၀၀ ကျော်ရှိပြီး လေယာဉ်ကွင်း ပြေးလမ်းအနီးသို့ ရောက်လုနီးပါး ဖြစ်နေသည်။

ထိုင်းနယ်စပ်မှ အကြီးဆုံး ရှမ်းမြို့ဖြစ်သော တာချီလိတ်မှ တရက်တာ ခရီးအဝေးတွင် စိုက်ခင်းများသည် ဟက်တာ ၂,၀၀၀ ကျော်ရှိပြီး လေယာဉ်ကွင်း ပြေးလမ်းအနီးသို့ ရောက်လုနီးပါး ဖြစ်နေသည်။

တရုတ်ကုမ္ပဏီတခုကို မိုင်းဖောင်ကျေးရွားအုပ်စုအနီးတွင် ဟက်တာ ၂,၀၀၀ စိုက်ပျိုးခွင့် ပေးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ၂၀၂၁ ခုနှစ်တွင် အစီရင်ခံခဲ့သည်။ “ကျေးရွာ ၁၇ ရွာကို မြန်မာစစ်တပ်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့က အတင်းအကျပ် မြေရှင်းမီးရှို့စေပြီး အပင်ပေါက်များ စိုက်ပျိုးစေသည်။ အခါ ကျေးရွာ သုံးခုကိုလည်း အတင်းအကျပ် နေရာရွှေ့ပြောင်းသည်” ဟု ထိုအဖွဲ့က ရေးသားခဲ့သည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖုန်းအနီး၊ Ruak နှင့် မဲခေါင်မြစ်အထက် ရော်ဘာခြံ/ Google Earth

ထိုနေရာသည် ၂,၂၀၀ ဟက်တာ ကျယ်သည့် ရာဘာခြံဝင်းတခုအဖြစ် ပြောင်းသွားကာ ရောက်မြစ်နှင့် နောက်ဆုံးတွင် မဲခေါင်မြစ်သို့ စီးဝင်သည့် စမ်းချောင်းများကို လွှမ်းမိုးနေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ပြသနေသည်။

အထွက်နှုန်း၊ ဓာတုပစ္စည်းများနှင့် ထိန်းချုပ်မှု

တရုတ်စိုက်ခင်းများသည် ဒေသခံစိုက်ခင်းများထက် ထွက်နှုန်း ပိုမိုမြင်မားပြီး တနှစ်လျှင် တဟက်တာတွင် ရာဘာ ၁,၂၀၀ ကီလိုဂရမ်အထိ ထွက်သည်။ ပိုမိုသိပ်သည်းသည့် စိုက်ပျိုးနည်းများကြောင့်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တွင်လည်း တွေ့ရကြောင်း သုတေသီများက ပြောသည်။ သို့သော် အပင်တမျိုးတည်းကို သိပ်သည်းစွာ စိုက်ပျိုးခြင်းသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေသည်။

“ရာဘာက ပုံမှန် မြေသြဇာ လိုတယ်။ အထူးသဖြင့် အပင်တမျိုးတည်း စိုက်တဲ့အခါ ပိုမိုလိုအပ်တယ်” ဟု ထိုင်းရာဘာစိုက်ခင်း ကျွမ်းကျင်သူ ဆူဖာချိုင် ခန်ကွန်းက ပြောသည်။ “ထွက်နှုန်းတိုးစေတဲ့ မြေသြဇာဆိုတာ ဓာတုပစ္စည်း သက်သက်ပဲ။ အော်ဂင်းနစ် မြေသြဇာတွေက အပင်အစာချက်တာကို ကောင်းစေပေမဲ့ ထွက်နှုန်း မတိုးဘူး” ဟု ၎င်းကပြောသည်။

မြေသြဇာ အလွန်အမင်း အသုံပြုခြင်းသည် အက်စစ်နှင့်သန့်စင်ခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ရှမ်းပြည်နယ်တဝန်းတွင် ရေညစ်ညမ်းခြင်းကို ပိုမိုဆိုးရွားစေပြီး မြေလွှာပြုန်းတီး ယိုယွင်းမှုအဆင့် လျော့ကျစေသည်။

ရှမ်းပြည်နယ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံနှင့် မဲခေါင်မြစ်သို့ စီးဝင်သည့် မြစ်များ၏ ရေအရည်အသွေးကို စောင့်ကြည့်နေသည့် ထိုင်းဓာတုဗေဒ တွဲဖက်ပါမောက္ခ ဝန်ဝီရိယက ရုတ်တရက် ရေလွှမ်းမိုးမှုအပြင် ထိုမြစ်များမှရေတွင် အာဆင်းနစ်၊ ကက်ဒ်မီယံ၊ မန်ဂနိစ်နှင့် နစ်ကယ် အပါအဝင် သိပ်သည်းဆများသော သတ္တုများ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေကြောင်း တွေ့ရှိသည်။

ရှမ်းပြည်နယ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံနှင့် မဲခေါင်မြစ်သို့ စီးဝင်သည့် မြစ်များ၏ ရေအရည်အသွေးကို စောင့်ကြည့်နေသည့် ထိုင်းဓာတုဗေဒ တွဲဖက်ပါမောက္ခ ဝန်ဝီရိယက ရုတ်တရက် ရေလွှမ်းမိုးမှုအပြင် ထိုမြစ်များမှရေတွင် အာဆင်းနစ်၊ ကက်ဒ်မီယံ၊ မန်ဂနိစ်နှင့် နစ်ကယ် အပါအဝင် သိပ်သည်းဆများသော သတ္တုများ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေကြောင်း တွေ့ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက သူ၏ လေ့လာမှုအရ ထိုင်းနယ်စပ်မှ လေ့လာစောင့်ကြည့်ရေးစခန်း ကိုးခုအနက် ရှစ်ခုတွင် ညစ်ညမ်းမှုသည် အန္တရာယ်များသည့်အဆင့်သို့ ရောက်နေသည်။ ရှမ်းပြည်နယ်မှ အကြီးမားဆုံး ရာဘာခြံဝင်းအနီးရှိ စခန်းနှစ်ခုတွင် “အလွန်အန္တရာယ်များသည့်အဆင့်” နှင့် “အလွန့်အလွန် အန္တရာယ်များသည့်အဆင့်” သို့ ရောက်နေသည်။ ထိုမြစ်များမှရေသည် လမ်းကြောင်းတလျှောက်မှ အသက်ဇီဝတိုင်းကို အန္တရာယ် ကျရောက်စေနိုင်သည်။


ရှမ်းပြည်နယ်နှင့် မဲခေါင်မြစ်များမှ စီးဆင်းလာသော မြစ်များပေါ်တွင် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်း/ Wan Wiriya

ထိုလေ့လာမှုကို သူ၏အဖွဲ့က ကျယ်ပြန့်သော ရာဘာစိုက်ခင်းများအား သတိမထားမိစဉ်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချင်းအရာ၏ အကျိုးဆက်များကို ဂရုတစိုက် လေ့လာရန် လိုအပ်သည်ဟု တွဲဖက်ပါမောက္ခ ဝန်ဝီရိယက ပြောသည်။ ရာဘာတမျိုးတည်း စိုက်ပျိုးသည့် စိုက်ခင်းများကို သူ မကြာမီ သိပ္ပံနည်းကျ စမ်းသပ်သုတေသန ပြုမည်ဖြစ်သည်။ သူ့အတွက် စိုက်ခင်းများနှင့် ပြုပြင်ရေးစက်ရုံများမှ မသိရသေးသည့် အခြေအနေသည် စိုးရိမ်စရာဖြစ်နေသည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကိုးမြစ်ပေါ်ရှိ အကြီးဆုံး ရော်ဘာကွန်ပေါင်းများထဲမှ တစ်ခုဖြစ်သော ရော်ဘာ ပြုပြင်ရေး စက်ရုံ/ Google Earth

“သဘာဝ သစ်တောတွေကနေ ပြောင်းလာတဲ့ ကျယ်ပြန့်တဲ့ ရာဘာစိုက်ခင်းတွေ မြေထုတ်ယူမှု အကြီးအကျယ် ဖြစ်စေတယ်။ အဲဒီတခုတည်းနဲ့တင် မြေကြီးကနေ အာဆင်းနစ်နဲ့ အခြားသိပ်သည်းဆများတဲ့ သတ္တုတွေ အကြီးကျယ် ထွက်စေပြီး မြစ်တွေအပါအဝင် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ အပင် တမျိုးတည်းစိုက်တဲ့ စိုက်ခင်းတွေဟာ ဓာတုမြေသြဇာ အရမ်း လိုအပ်တယ်။ ရာဘာပြုပြင်သန့်စင်တဲ့ လုပ်ငန်းကလည်း သဘာဝပတ်ဝန်းကျင် ဆယ်စုနှစ်များစွာ ဒါမှမဟုတ် ရာစုနှစ်များစွာ ကျန်နေတတ်တဲ့ အက်စစ်တွေ အများအပြား လိုအပ်တယ်” ဟု တွဲဖက်ပါမောက္ခ ဝမ်က ပြောသည်။

ဂြိုဟ်တု ဓာတ်ပုံများကို သရုပ်ခွဲလေ့လာမှုအရ သိပ်သည်းသော စိုက်ခင်းအတွင်းတွင် ရာဘာသန့်စင်သည့် စက်ရုံနှင်တူသော အဆောက်အအုံ အနည်းဆုံး ၁၀ ခုရှိကြောင်း ပြသနေသည်။

စိုးရိမ်စရာကောင်းသော မြစ်အောက်ပိုင်း

ရှမ်းပြည်နယ်မှ စိုင်မြစ်အောက်ဘက်တွင်ရှိသော ထိုင်းနယ်စပ်မြို့ မယ်ဆိုင်သည် မကြာသေးမီ နှစ်များအတွင်း အဓိကကျသည့် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုအနည်းဆုံး လေးကြိမ် ခံစားရသည်။ အဆိုးဆုံးမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကဖြစ်ပြီး တမြို့လုံးကို ဝါးမြိုလုနီးပါး ဖြစ်ခဲ့သည်။ ထိုပုံစံသည် “သမိုင်းတွင် မကြုံဖူးသည့်” ပုံစံဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောပြီး ၂၀၂၅ ခုနှစ်တွင် ၂၆ ရက်အတွင်း ရေလွှမ်းမိုးသည့် ခရိုင် နှစ်ဆ တိုးလာသည်။


ထိုင်းနိုင်ငံ၊ မယ်ဆိုင်တွင် စက်တင်ဘာ ၂၀၂၄ ရေကြီးအပြီး ရွှံ့များ တင်ကျန်နေ/ Thai News Pix

“စိုက်ခင်းကြောင့်ဖြစ်ပေါ်တဲ့ မြေဆီလွှာတိုက်စားမှုက အပေါ်ယံမြေကို ကာကွယ်တဲ့အလွှာကို ဖယ်ရှားလိုက်တယ်။ မိုးရွာတဲ့အခါကျတော့ မျက်နှာပြင်တွေကို တိုက်စားတယ်။ ရေက မြေကြီးထဲကို စိမ့်ဝင်ရမယ့်အစား လျင်မြန်စွာ ဖြတ်သန်းစီးဆင်းပြီး လျင်မြန်စွာ စုစည်းကာ ရုတ်တရက် ရေလွှမ်းမိုးမှု ဖြစ်စေတယ်။ သည်းထန်တဲ့မိုးက တောင်စောင်းတွေကို ရေဝင်တဲ့အခါ တည်ငြိမ်မှု လျော့ကျစေပြီး မြေကို အားနည်းစေပြီး တောင်ခြေကို မြေဆွဲအားကြောင့် ပြိုကျစေတယ်” ဟု စတော့ဟုမ်း သဘာဝ ပတ်ဝန်းကျင် အင်စတီကျုမှ သန်နာပိုလ် ပီမန်းက ပြောသည်။ သူသည် ၂၀၁၉ ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင် ရေလွှမ်းမိုးမှုကို လေ့လာနေသူဖြစ်သည်။

ရေလွှမ်းမိုးမှု အကြိမ်များလာပြီး ပိုမိုပြင်းထန်လာခြင်းသည် လူမှုအသိုက်အဝန်းများနှင့် အခြေခံအဆောက်အအုံများ ထပ်မံ မထိခိုက်စေရန်အတွက် နယ်စပ်ဖြတ်ကျော် အရေးပေါ် ရေစီမံခန့်ခွဲမှု အဖြေများ လိုအပ်သည်ဟု သူက သတိပေးသည်။

ရှမ်းပြည်နယ်မှ အကြီးမားဆုံး ရာဘာစိုက်ခင်းနှင့် ကပ်လျက် ထိုင်းနိုင်ငံမှ မယ်အိုင်ခရိုင်သည် လွန်ခဲ့သော သုံးနှစ်အတွင်း ရေလွှမ်းမိုးမှု ငါးကြိမ်ခံရသည်။ ထိုရေလွှမ်းမိုးမှုများသည် အကြိမ်ရေ စိပ်လာပြီး ပိုမို ပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မှ အကြီးမားဆုံး ရာဘာစိုက်ခင်းနှင့် ကပ်လျက် ထိုင်းနိုင်ငံမှ မယ်အိုင်ခရိုင်သည် လွန်ခဲ့သော သုံးနှစ်အတွင်း ရေလွှမ်းမိုးမှု ငါးကြိမ်ခံရသည်။ ထိုရေလွှမ်းမိုးမှုများသည် အကြိမ်ရေ စိပ်လာပြီး ပိုမို ပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။

အပြင်းထန်ဆုံး ရေလွှမ်းမိုးမှုသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကဖြစ်ပြီး လူ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရကာ လေးဦး ပျောက်ဆုံးသည့် ရုတ်တရက် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်စေသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလက နောက်ထပ် ရေလွှမ်းမိုးမှုများကြောင့် ထိုမြို့ ရေမြုပ်ပြီး အဝေးပြေးလမ်းမကြီးကို ပိတ်လိုက်ရသည်။

UWSA ပြောခွင့်ရသူ ဦးညီရမ်းကို မေးမြန်းရန် လပေါင်းများစွာ ဆက်သွယ်သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ဒေသခံတို့၏ ရာဘာလုပ်ငန်းများ ကျဆင်း‌နေ

မြောက်ပိုင်းမှ တရုတ်စိုက်ခင်းများသည် အောင်မြင်နေသော်လည်း မြန်မာဒေသခံများ၏ ရာဘာလုပ်ငန်းသည် အကြီးအကျယ် အကျပ်အတည်း ဖြစ်နေသည်။

တချိန်က မြန်မာတွင် ရာဘာအဓိက စိုက်ပျိုးသည် တနင်္သာရီတိုင်းမှ ကမ်းရိုးတန်းမြို့ ထားဝယ်တွင် စက်ရုံများ နေ့စဉ် လျှပ်စစ်မီးပြတ်သောကြောင့် မလည်ပတ်နိုင်ကြပေ။

“ဘယ်အချိန် လျှပ်စစ်ဓာတ်အား ရမယ်ဆိုတာကို ကျနော်တို့ ကြိုသိနိုင်ရင် ဘဝက ပိုမိုအဆင်ပြေနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ မသိရဘူး။ နေ့တိုင်းမှာ အဆိုးဆုံးအတွက်ပဲ ပြင်ဆင်ထားရတယ်” ဟု ဝါရင့် ဘာရာထုတ်လုပ်သူ ဦးယုစိန်က ပြောသည်။ သူသည် ဂျပန်ရှိ Bridgestone စက်ရုံက လက်ခံသည့် ထိပ်တန်း ထုတ်လုပ်သူ သုံးဦးတွင် ပါဝင်ခဲ့သူဖြစ်သည်။


ထားဝယ်ရှိ ရော်ဘာစိုက်ခင်းများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကွဲပြားသော သိပ်သည်းမှု/ Google Earth

ထားဝယ်သည် တခါက တနှစ်လျှင် ရာဘာတန်ချိန် ၃၀,၀၀၀ ထုတ်လုပ်သည့် အဓိကမြို့ဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တိုက်ပွဲများကြောင့် စိုက်ခင်းများသို့ မသွားရောက်နိုင်တော့ပေ။ မတည်ငြိမ်မှုကြောင့်ဟုဆိုကာ Bridgestone က ရေရှည် စာချုပ်များကို ၂၀၂၄ ခုနှစ်တွင် ဖျက်သိမ်းလိုက်သည်။

ယခုအခါ ဦးယုစိန်သည် တရုတ်နှင့် အိန္ဒိယ ဝယ်လက်များသို့ အကြီးအကျယ် လျှော့ဈေးဖြင့် ရောင်းနေရပြီး စစ်အာဏာမသိမ်းမီကနှုန်းနှင့် ယှဉ်ပါက တတန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဆုံးရှုံးသည်။

အလုပ်သမား မလုံလောက်မှုက ပြဿနာကို ပိုမိုဆိုးရွားစေသည်။ ကြက်ပေါင်စေး ထုတ်သူများသည် လုပ်အားခ ငါးဆပိုရသည့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကြသည်။ အချို့မှာ ၎င်းတို့၏ အသက်ဘေးအတွက် ထွက်ပြေးခြင်းဖြစ်သည်။


မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်တွင် ရော်ဘာ စိုက်ပျိုးမှု ဆက်လက် လုပ်ဆောင်နေသည်/Dawei Golden Land စက်ရုံ RSS

မြန်မာ၏စုစုပေါင်း ရာဘာထုတ်လုပ်မှုသည် ထက်ဝက်ကျဆင်းပြီး လုပ်ငန်းငယ်များ မြေကိုရောင်း ဒါမှမဟုတ် အကြမ်းဖက်မှုကြောင့် ထွက်ပြေးနေကြောင်း ဦးယုစိန်က ပြောသည်။

တရားဝင်စာရင်းအရ မြန်မာရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက စိုက်ခင်း ၂၄၂,၈၁၁ ဟက်တာရှိသည်ဟု ပြောသည်။ သို့သော် သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမား စံနှုန်းများ အကောင်အထည်ဖော်မှု မရှိသလောက်ပင်ဖြစ်ပြီး ထိုအသင်းသည်လည်း ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ကောင်းစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

တရားဝင်စာရင်းအရ မြန်မာရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက စိုက်ခင်း ၂၄၂,၈၁၁ ဟက်တာရှိသည်ဟု ပြောသည်။ သို့သော် သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမား စံနှုန်းများ အကောင်အထည်ဖော်မှု မရှိသလောက်ပင်ဖြစ်ပြီး ထိုအသင်းသည်လည်း ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ကောင်းစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

စာရေးသူက ၎င်းတို့ Facebook အဖွဲ့ကို ပြန်လည် သုံးသပ်ခဲ့ပြီး စိုက်ခင်းပိုင်ရှင်များသည် ၎င်းတို့၏မြေယာများကို ရောင်းချမှု မြင့်တက်နေကြောင်း တွေ့ရှိခဲ့သည်။

ရှင်သန်ရေး ရုန်းကန်နေ

ဖရိုဖရဲအခြေအနေများ ရှိသော်လည်း ဦးယုစိန် လက်မလျှော့ပေ။ မြန်မာရေရှည်တည်တံ့သော သဘာဝ ရာဘာအသင်း ဥက္ကဋ္ဌအနေဖြင့် သူသည် ရေရှည်တည်တံ့သော သဘာဝ ရာဘာစံနှုန်းများ ထူထောင်ရန် ကမ္ဘာ့ သားရိုင်းတိရိစ္ဆာန် ရန်ပုံငွေနှင့် ဆက်လက် လုပ်ကိုင်နေသည်။

“တရုတ်ကုမ္ပဏီတွေနဲ့ ကျနော်တို့ ဆွေးနွေးပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာဥပဒေနဲ့ လုပ်ထုံးလုပ်နည်းကို လိုက်နာရတယ်ဆိုတာကို ရှင်းပြမယ်။ သူတို့ နားလည်မယ်လို့ မျှော်လင့်တယ်” ဟုလည်း ဦးယုစိန်က ပြောသည်။

လက်နက်ကိုင်အုပ်စုများနှင့် ကမ္ဘာ့ဝယ်လိုအားအကြား ညပ်နေသောကြောင့် မြန်မာသည် မြန်မာပြည်သူများက ပြန်လည် ပုံဖော်ခြင်း မဟုတ်ဘဲ နယ်စပ်တဖက်မှ စက်မှုလုပ်ငန်းများ၏ လိုအပ်မှုက ပုံဖော်သည့် ရာဘာရှေ့တန်းစစ်မျက်နှာ ဖြစ်လာသည်။

RELATED CONTENT

RELATED TOPICS

yellow halftone illustration of an elephant

Topic

Environment and Climate Change

Environment and Climate Change
yellow halftone illustration of two construction workers moving a wheelbarrow of dirt

Topic

Extractive Industries

Extractive Industries
teal halftone illustration of a young indigenous person

Topic

Indigenous Rights

Indigenous Rights
yellow halftone illustration of two people standing back to back

Topic

Land Rights

Land Rights
a yellow halftone illustration of a truck holding logs

Topic

Rainforests

Rainforests
technology and society

Topic

Technology and Society

Technology and Society

RELATED INITIATIVES

teal halftone illustration of two hands shaking and a scale holding dollar bills

Initiative

Transparency and Governance

Transparency and Governance

Support our work

Your support ensures great journalism and education on underreported and systemic global issues